ဖရူဆိုမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာ (၇)ရွာနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း (၃) ရွာ ရွေးချယ်

ဖရူဆို       အောက်တိုဘာ      ၂၀

ကယားပြည်နည် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်  အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာ ()ရွာနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ()ရွာ ရွေးချယ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးသောင်းမြင့် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အမှာစကားပြောကြားပြီး မြို့နယ် ဦးစီးမှူး ဒေါ်ဖြူစင်သန့် က စီမံကိန်းများ၏ ရည်ရွယ်ချက်များနှင့် အဆိုပြုရွေးချယ်မည့် ကျေးရွာများအတွက် ရွေးချယ်ရမည့် စံနှုန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖရူဆိုမြို့နယ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာစီမံကိန်း (VDP) ကျေးရွာ()ရွာအတွက် ထီးပေါ်ဆိုကျေးရွာ၊ ထီးသော်ကူးကျေးရွာ၊ ဒေါကူးခူကျေးရွာ၊ ထီးဒီးကူးကျေးရွာ၊ ဒေါတနောကျေးရွာ၊ လောခုခူကျေးရွာ နှင့် ကလိလျားကျေးရွာ တို့ကို ရွေးချယ်ပြီး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအတွက်  ထီးကလူဒေါကျေးရွာ ()ယူနစ်၊ ဒေါဆီးခူ၊ ဒေါကလော်လဲ၊ လောကျေခူ ()ရွာပေါင်း ()ယူနစ် နှင့် ဒေါကူလီ၊ လောပလျားလဲ၊ ဒေါပိုရှေ့ ()ရွာပေါင်း ()ယူနစ် စုစုပေါင်း () ယူနစ်တို့ကို ရွေးချယ်အတည်ပြုခဲ့ကြသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်  အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) သည် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်း၊ တံတား၊ အခြေခံအဆောက်အဦများအတွက် ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူလူထုများမှ သတ်မှတ်ထားသော အတိုးနှုန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံဖြိုးတိုးတက်စေရေးအတွက် မြစိမ်းရောင်စီမံကိန်း ()ယူနစ်ကို ငွေကျပ်သိန်း ၃၀၀ ဖြင့် လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)