ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် မြစိမ်းရောင်ရန်ပုံငွေ သတ်မှတ်ကာလအတွင်း ပြန်လည်ပေးသွင်းနိုင်ရေး ကွင်းဆင်းအသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး  တိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျောက်စု၊ နမ့်ပိန်းလင်၊ မယ်ဆည်နမ်၊ နမ့်ဟူးကျေးရွာများ၌

မယ်စဲ့မြို့နယ်တွင် Website TV (Online Media) ရိုက်ကူးထုတ်လွှင့်ရန်အတွက် အထောက်အကူပြု ပစ္စည်းပေးအပ်လှူဒါန်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက Online Media ဖြင့် အသိပညာပေးလုပ်ငန်းများကို ရိုက်ကူး ထုတ်လွှင့် လျက်ရှိရာ Website TV ရိုက်ကူးရာတွင် အသုံးပြုရန်အတွက် အထောက်အကူပြု ပစ္စည်းကို ယမန်နေ့နံနက်က မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre သို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်မှ ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ Volunteer များအဖြစ် သွားရောက် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တင်များသို့ Volunteer များအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။

ရှားတောမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ  ရွေးကောက်ပွဲဆိုင်ရာ

ဒီးမော့ဆိုမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင် မည့် အထူးရဲ ၆၄ ဦးနှင့် အရန် ၂ ဦးအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ငွေတောင်ကျေးရွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီဖွင့်လှစ်ရောင်းချမှုရှိ/မရှိ စစ်ဆေး

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ပိုမို များပြားလာသဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကာကွယ် ၊ ထိန်းချုပ်နိုင်ရေးအတွက် လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှုရှိ/မရှိခြင်းကို ယနေ့ နံနက်ပိုင်းက သွားရောက် စစ်ဆေးခဲ့သည်။

ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့တွင်းသန့်ရှင်းသာယာလှပ စေရန်နှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်က မြို့နယ်ခန်းမဆောင်တွင် ဆောင်ရွက်ခဲ့သည်။

မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးရှေ့တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ နံရံကပ်စာစောင်ပြသ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးရှေ့၌ ယနေ့နံနက်က ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံ နံရံကပ်စာစောင်များ ပြသထားကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်