၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)နှင့် မြစိမ်းရောင်ကျေးရွာရွေးချယ်ခြင်း အခမ်းအနား ကျင်းပ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ပကတိ လိုအပ်ချက်များဖော်ထုတ်ပြီးဦးစားပေးအစီအစဥ်အလိုက် စီမံချက်များရေးဆွဲ ဖော်ထုတ်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)နှင့်မြစိမ်း ရောင်ကျေးရွာရွေးချယ်ခြင်းအခမ်း အနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။