မယ်စဲ့မြို့နယ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း မြို့နယ်အဆင့်အသိပေးခြင်းနှင့် ကာကွယ်စတင်ဆေးထိုးနှံ

မယ်စဲ့     အောက်တိုဘာ     ၂၀                        

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  အိတ်ချ်ပီဗီ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း မြို့နယ်အဆင့် အသိပေးခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာ နှစ်ထပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းက အိတ်ချ်ပီဗီကာကွယ်ဆေးနှင့် စပ်လျဉ်း၍ အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ မဖြစ်ပွားအောင် ကာကွယ်နိုင်ခြင်း၊ အိတ်ချ်ပီဗီကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံ ပေးရမည်ဖြစ်ကြောင်းနှင့် ဘေးထွက်ဆိုးကျိုး မရှိကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းပြခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနခွဲ၌ အသက်()နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးငယ် ()ဦးအား အိတ်ချ်ပီဗီကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းနှင့် လူမှုအရေးအဖွဲ့အစည်းတို့မှ လှည့်လည်ကြည့်ရှုခဲ့ပြီး မယ်စဲ့မြို့နယ်အတွင်းရှိ အသက်()နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးငယ် (၉၄)ဦးကို ဆက်လက်ထိုးနှံ့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)