မော်ချီးဒေသ ကျေးရွာ(၃)ရွာအတွက် အိမ်သုံးဆိုလာ(၉၅)စုံနှင့် စာသင်ကျောင်းများအတွက် အိမ်သုံးဆိုလာ၊ မီးစက်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၌ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ကယားပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်)ရန်ပုံငွေဖြင့် ကျေးရွာ(၃)ရွာအတွက် အိမ်သုံးဆိုလာ(၉၅)စုံ၊ အမက(ခွဲ) တနန်းလော့စာသင်ကျောင်းအတွက် အိမ်သုံးဆိုလာ(၁)စုံနှင့် (အမက) စာသင်ကျောင်း(၂)ကျောင်းအတွက် မီးစက်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီခွဲ အချိန်က လိုခါးလိုကျေးရွာ ခန်းမဆောင်၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။