ကယားပြည်နယ်

မယ်စဲ့မြို့နယ်အတွင်းရှိ ဟိုစဲ့ဘုန်းတော်ကြီးကျောင်း လိုအပ်ချက်များ ပြုပြင်ဆောင်ရွက်နိုင်ရန်နှင့် အလက(ပန်တိန်း) စာသင်ကျောင်း အားကစားကွင်း ဖောက်လုပ်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဟိုစဲ့တောင်တန်းသာသနာပြု ထေရဝါဒဘုန်းတော်ကြီးကျောင်း လိုအပ်ချက်များ ပြုပြင် ဆောင်ရွက်ရန်နှင့် (အလက) ပန်တိန်း စာသင်ကျောင်း အားကစားကွင်း ဖောက်လုပ်ရန်အတွက် ထောက်ပံ့ငွေများကို ယနေ့နံနက် ၉ နာရီက ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကြိုတင်မဲဆိုင်ရာလုပ်ငန်းစဉ်များနှင့် မဲရုံသရုပ်ပြသ

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးနှင့် အဓိကလုပ်ကိုင်ဆောင်ရွက်ကြရမည့် ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ကြိုတင်မဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် မဲရုံသရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီ ကယားပြည်နယ် မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှားတောမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှားတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာ နရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre၌ ကျင်းပသည်။

မယ်စဲ့မြို့ ကျောက်စုကျေးရွာတွင် ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ ပုဂ္ဂလိကမြေပိုင်ဆိုင်မှု အခိုင်အမာရရှိခြင်းဖြင့် နေထိုင်မှုလုံခြုံရေး၊ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာ စစ်ဆေးဆောင်ရွက်ခြင်းကို အောက်တိုဘာ ၂၃ ရက်က မယ်စဲ့မြို့ ကျောက်စုကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာအသစ်တစ်ဦး ထပ်မံတွေ့ရှိ

ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်းခံထားရသူများ၏ ဓာတ်ခွဲနမူနာများကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)၏ ဆေးစစ်ဆေးချက်အဖြေ ထုတ်ပြန်ချက်အရ ကယားပြည်နယ်မှ ဓာတ်ခွဲနမူနာပေးပို့ထားသူ (၁၁၃)ဦးအနက် ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ပြန်လာသည့် ပညာရေးကောလိပ်တွင် Quarantine ဝင်ရောက်နေသူ အမျိုးသမီးတစ်ဦးမှာ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ကြောင်း သိရှိရသည်။

ဘောလခဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးအသိပညာပေးမှုများ အရှိန်အဟုန်မပျက် ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာ စျေးရောင်း စျေးဝယ်သူနှင့် ပြင်ပထွက်ခွာ သွားလာနေသော ပြည်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဝင်များက ယနေ့ နံနက် (၈) နာရီ အချိန်မြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပမှ ထွက်ခွာသွားလာနေသော ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ် ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင် ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယနေ့ နံနက် (၈) နာရီအချိန်၌ လူသွား လူလာများသော စျေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မင်းခေါင်လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ဖရူဆိုမြို့နယ် မြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင် ခြင်းရှိ/မရှိစစ်ဆေး

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြသည်။

ဖား​ဆောင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းစွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်​နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက​ရေစီ အ​​​​ထွေ​ထွေ​ရွေး​ကောက်ပွဲ ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် မဲရုံမှူး၊ဒုမဲရုံမှူး တာဝန်ယူကြမည့် ဆရာ/ဆရာမများအား ​ရွေး​ကောက်ပွဲဆိုင်ရာ လုပ်ငန်းစွမ်းရည်မြှင့် သင်တန်းကို ယ​နေနံနက်(၈)နာရီခွဲ အချိန်က အထက ဖားဆောင်း​ကျောင်းရှိ ပညာရတနာခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to ကယားပြည်နယ်