ကယားပြည်နယ်

ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲပုံးနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်ည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ မဲရုံ များတွင်

ဒီးမော့ဆိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ ညှိနှိုင်း ဆွေးနွေး

၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ရှားတောမြို့နယ်၌မြို့နယ် ကလေးသူငယ်အခွင့်အရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် မွန်လွဲ(၂:၃၀)နာရီအချိန်က မြို့နယ်စုပေါင်း ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မူးယစ်ဆေးဝါးတားဆီး၊ကာကွယ်၊တိုက်ဖျက်ရေးအသိပညာပေး “Talk Show”ပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community center)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီ အချိန်က မူးယစ်ဆေးဝါး၊တားဆီး၊ကာကွယ်၊တိုက်ဖျက်ရေးအသိပညာပေး “Talk Show” ကိုကျင်းပပြုလုပ် ခဲ့သည်။

လွိုင်ကော်မြို့ ၊ ဝါရီကောခူကျေးရွာ ၊ ယာယီကုန်တင်ယာဉ် ရပ်နားစခန်းရှိ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်

ကယားပြည်နယ် အတွင်းရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး လုပ်ငန်းများကို ပိုမိုစနစ်ကျ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယာယီကုန်တင်ယာဉ် ရပ်နားစခန်းကို လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူကျေးရွာ၊ အထက(ခွဲ) ဝါရီကောခူကျောင်းဝန်း အတွင်းသို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ (၂၆.၁၀.၂၀၂၀) ရက်နေ့တွင် ယာဉ်အစီးရေ (၉၂) စီးနှင့် လူဦးရေ (၁၄၂) ဦး စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး Positive (၂) ဦး တွေ့ရှိကြောင်း သိရသည်။

ဘောလခဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် လုပ်ငန်း ညှိနှိုင်းအစည်း အဝေးပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးမည့်နေရာများ သိရှိနိုင်ရေး၊ ကြိုတင်မဲနှင့် မဲပေးမည့် နေ့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ပိုင်း(၁၁)နာရီက စောလဖော်ခန်းမ၌ ကျင်းပပြုလုပ်ခဲသည်။

ရွာသစ်မြို့ တောင်ပေါ် တောရစေတီတော်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်- ရွာသစ်မြို့တွင် ဒေသခံ ပြည်သူများ စုပေါင်း၍ တောင်ပေါ် တောရစေတီ ပတ်၀န်းကျင် အတွင်း သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှားတောမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ  ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

ဘောလခဲမြို့နယ်အတွင်းရှိ ကျေးရွာဘုန်းတော်ကြီးကျောင်း၊ အားကစားကွင်းနှင့် ဘောလုံးကွင်းကြမ်း ဖောက်လုပ်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်

ကယားပြည်နယ် ၊ ဘောလခဲခရိုင် ၊ ဘောလခဲမြို့နယ်အတွင်းရှိ ကျေးရွာဘုန်းတော်ကြီးကျောင်း အသစ်ပြန်လည် မွမ်းမံတည်ဆောက်ရန် ၊ အားကစားကွင်းနှင့် ဘောလုံးကွင်းကြမ်း ဖောက်လုပ်နိုင်ရန် အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ရုံးခန်း၌ ပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်