ဖရူဆိုမြို့နယ် မြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင် ခြင်းရှိ/မရှိစစ်ဆေး

ဖရူဆို အောက်တိုဘာ ၂၃

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီဝင် ဌာနဆိုင်ရာများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဈေးကော်မတီဝင်များ ပူးပေါင်း၍ နေအိမ်ပြင်ပ သို့ ထွက်ခွာသွားလာနေသော ပြည်သူများအား ကူးစက်မှုနှုန်းများပြားလာသည့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ ဖရူဆိုမြို့နယ် မြို့မဈေး၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်ပြီး သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များ စည်းကမ်းချက်များနှင့်အညီ  ပြည်သူ များ လိုက်နာနေထိုင်သွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းမရှိသူများ အား ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း  သိရသည်။

တောရယ်(ပြန်/ဆက်)