မယ်စဲ့မြို့နယ်အတွင်းရှိ ဟိုစဲ့ဘုန်းတော်ကြီးကျောင်း လိုအပ်ချက်များ ပြုပြင်ဆောင်ရွက်နိုင်ရန်နှင့် အလက(ပန်တိန်း) စာသင်ကျောင်း အားကစားကွင်း ဖောက်လုပ်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်

                                             မယ်စဲ့     အောက်တိုဘာ     ၂၅         

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဟိုစဲ့တောင်တန်းသာသနာပြု ထေရဝါဒဘုန်းတော်ကြီးကျောင်း လိုအပ်ချက်များ ပြုပြင် ဆောင်ရွက်ရန်နှင့် (အလက) ပန်တိန်း စာသင်ကျောင်း အားကစားကွင်း ဖောက်လုပ်ရန်အတွက် ထောက်ပံ့ငွေများကို ယနေ့နံနက် ၉ နာရီက ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ထောက်ပံ့ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် တာဝန်ရှိသူများက ဟိုစဲ့တောင်တန်းသာသာနာပြု ထေရဝါဒဘုန်းတော်ကြီးကျောင်း အမိုးပြုပြင်ရန်၊ ဆင်ဝင်မျက်နှာ ကျက်အသစ်တပ်ဆင်ရန်နှင့် ရေတံလျောက်တပ်ဆင်ရန်အတွက် ထောက်ပံ့ငွေ ကျပ် သိန်း ၃၀ ၊ (အလက)ပန်တိန်း စာသင်ကျောင်း အားကစားကွင်း ဖောက်လုပ်ရန်အတွက် ထောက်ပံ့ငွေ ကျပ် သိန်း ၂၀ ၊ စုစုပေါင်း ငွေကျပ် သိန်း ၅၀ ကို ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)