ကယားပြည်နယ်

ဒီးမော့ဆိုမြို့နယ်အတွင်း အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင် သက်ကြီးရွယ်အိုများ ကြိုတင် ဆန္ဒမဲပေးနေမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်နှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲ ပေးအပ်နေမှု အခြေအနေများကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်နှင့်အတူ ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များလိုက်ပါ၍ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကုသပေးလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာတစ်ဦးအား ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြု

ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာဖြစ်သည့် ဒေါဥခူရပ်ကွက်မှ အသက်(၃၅)နှစ်အရွယ် အထက်တန်းသူနာပြု ဆရာမတစ်ဦးအား မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးလျက်ရှိပြီး ၎င်း၏ ဓာတ်ခွဲနမူနာများကို သတ်မှတ်ရက်အလိုက်စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ (ပိုးမတွေ့) ဖြစ်ကြောင်းနှင့် သတ်မှတ် Quarantine ဝင်ရောက်ရက်စေ့၍ ကျန်းမာရေးကောင်းမွန်သဖြင့် ၎င်းအား ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်းသိရသည်။

ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆက်လက် ဆောင်ရွက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ရန်အတွက် အမှန်တစ်ကယ် လိုအပ်သူများ၊ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲပေးခြင်းလုပ်ငန်းကို ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယမန်နေ့ နံနက်မှ စတင်၍ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄)အုပ်စုရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖား​​ဆောင်းမြို့နယ်၌ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲများ လာ​ရောက်​ပေး

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​​ဆောင်းမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များ၊ နိုင်ငံ့ဝန်ထမ်း  မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ​​​ပေးခြင်းကို ယမန်​နေ့နံနက်(၈)နာရီ အချိန်က စတင်၍ သက်ဆိုင်ရာရပ်ကွက်/​ကျေးရွာ အုပ်စု မဲရုံအသီးသီးတွင် ​​ဆောင်ရွက်ထားရှိရာ မြို့နယ်အတွင်းရှိ သက်ကြီးဘိုး ဘွား မဲဆန္ဒရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများက ကြိုတင်ဆန္ဒမဲများ လာ​ရောက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ  စတင်မဲပေး

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး များ၌ ယနေ့နံနက်ပိုင်းမှစ၍ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးနှင့် မွန်းလွဲပိုင်းက မိုင်းလုံးမီးပွိုင့်တို့၌ ဆောင်ရွက်ခဲ့သည်။

ဒီးမော့ဆိုတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများ သင်တန်းဆင်း

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ (၆၄) ဦးနှင့် အရန်(၂)ဦးအား အောက်တိုဘာ ၁ ရက်မှ စတင်၍ ရွေးကောက်ပွဲဆိုင်ရာ ဘာသာရပ်များကို သင်ကြား ပို့ချပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ငွေတောင်ကျေးရွာ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး “Talk Show” ပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က လူကုန် ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး “Talk Show” ကို ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံ အကျဆုံးနှင့် အဓိကလုပ်ကိုင်ဆောင်ရွက်ကြရမည့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော် မရှင် အဖွဲ့ခွဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ပါတီကိုယ်စားများအား ကြိုတင်မဲ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာသွားလာသော ပြည်သူများ အား နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်