ဖားဆောင်းမြို့နယ်တွင် မိန်းကလေးငယ်များအား အိတ်ချ်ပီဗီကာကွယ်ဆေးစတင်ထိုးနှံပေး
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်ရပ်ကွက်/ကျေးရွာများ၌ အသက်(၉)နှစ်နှင့် (၁၀)နှစ် မိန်းကလေးငယ်များအား အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနှံခြင်းဖြင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုနှုန်း(၉၅)ရာခိုင်နှုန်းကာကွယ်နိုင်ရန်နှင့် ဆောလျင်စွာထိုးနှံခြင်းဖြင့် အစောဆုံး သားအိမ်ခေါင်း ကင်ဆာကာကွယ်မှုရရှိနိုင်စေရန် ရည်ရွယ်၍ အိတ်ချ်ပီဗီပုံမှန် ကာကွယ်ဆေး စတင် ထိုးနှံခြင်းများကို ယနေ့နံနက်(၉)နာရီအချိန်ကရပ်ကွက်/ကျေးရွာများရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာနများ၊ ကျေးလက်ဆေးပေးခန်းများတွင် ပြုလုပ်ခဲ့သည်။