ကယားပြည်နယ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ လူနာအသစ် နှစ်ဦး တွေ့ရှိ

လွိုင်ကော်မြို့၊ ဝါရီကောခူ ယာယီ ကုန်တင်ယာဉ် ရပ်နားစခန်း၌ ကုန်ကားများမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ယမန်နေ့က ကိုဗစ်-၁၉ Antigen Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ရာ ယာဉ်မောင်း(၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ (ပိုးတွေ့ရှိ)ကြောင်းနှင့် လွိုင်ကော် တက္ကသိုလ် Quarantine Centre ရှိ Stay at Home မြို့နယ်များမှ ပြန်လာသူများအား ကိုဗစ်-၁၉ Antigen Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။

ဖားဆောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်အသိပညာပေး “Talk Show” ပြုလုပ်

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်အသိပညာပေး Talk Show ကို ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြု၍ ပိုလျှံသော ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။

မယ်စဲ့မြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြု၍ ပိုလျှံသော ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။

ဖရူဆိုမြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (UNCRC Day) နှစ်ပတ်လည်အကြိုလှုပ်ရှားမှု အခမ်းအနား ကျင်းပ

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့နှင့် အပြည်ပြည်ဆိုင်ရာ ကလေးများ နေ့ (UNCRC Day) နှစ်ပတ်လည် အကြိုလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကယားပြည်နယ်၌ ၂၀၂၀ ပြည့်နှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး

ကယားပြည်နယ် အတွင်းရှိတောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၀ပြည့်နှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ သီးနှံ အမျိုးအစားအလိုက် တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀/ ၁၀၀၀၀၀ နှုန်း ၊ အတိုးအား တစ်နှစ် လျှင် ၅ ရာခိုင်နှုန်းဖြင့် စတင်ထုတ်ချေးပေးလျက်ရှိသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအကြို ညှိနှိုင်းအစည်း အဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့် ရေး(၁၆)ရက်တာ လှုပ်ရှားမှုအကြို ညှိနှိုင်းအစည်းအဝေး အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

(၃၁) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနား ဒီးမော့ဆိုတွင် ကျင်းပ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် (၃၁) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံ ကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ဆရာဖေမြင့်၏ စဉ်းစားခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများ အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်နိုင်စေရန် စာဖတ်ရှိန်မြင့်မားမှု ရှိစေရန် ရည်ရွယ်၍ ကယားပြည်နယ်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woman Club အသင်းတို့ ပူးပေါင်း ကျင်းပ သော ဆရာဖေမြင့်၏ စဉ်းစားခြင်း စာအုပ်အား စာဖတ်ဝိုင်း (Book Review) ကို ယနေ့ နံနက်ပိုင်းက (Community Centre) ခန်းမ၌ ကျင်းပသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရှိန်မပျက် လိုက်နာဆောင်ရွက်သွားရန် ကွင်းဆင်း နှိုးဆော်

ဘောလခဲခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ပြည်သူများအရှိန်မပျက် လိုက်နာဆောင်ရွက်သွားနိုင်ရေး အသိပေးနိုးဆော်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်မှ စတင်၍ ရပ်ကွက်၊ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ကယားပြည်နယ်