ရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ဆရာဖေမြင့်၏ စဉ်းစားခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရွာသစ် နို၀င်ဘာ ၁၇

စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများ အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်နိုင်စေရန် စာဖတ်ရှိန်မြင့်မားမှု ရှိစေရန် ရည်ရွယ်၍ ကယားပြည်နယ်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woman Club အသင်းတို့ ပူးပေါင်း ကျင်းပ သော ဆရာဖေမြင့်၏ စဉ်းစားခြင်း စာအုပ်အား စာဖတ်ဝိုင်း (Book Review) ကို ယနေ့ နံနက်ပိုင်းက (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့ဉီးစီးမှူး ဒေါ်ဆွေဆွေအေး က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းတွင်  ဆရာ ဖေမြင့်၏ “စဉ်းစားခြင်း” စာအုပ်ကို ရွာသစ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (Woman Club) အဖွဲ့၀င် ဒေါ်ဘေဘီထက်၀င်းမှ စဉ်းစားခြင်းဆိုတာ ဘာလဲ၊ အသက်ဘေးမှ လွတ်မြောက်အောင် ရုန်းထွက်ခြင်း ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးကာ စာပေဝါသနာ ပါသူများကလည်း ထိုစာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နန်းဆွေဆွေအေး (ပြန်/ဆက်)