ကယားပြည်နယ်

ရွာသစ်မြို့ သံလွင်မြစ်ကမ်းအနီး တာဆန်းလဲ ရှေးဟောင်းစေတီတော်၌  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်- ရွာသစ်မြို့   သံလွင်မြစ်ကမ်း စွပ်ပိုင်အနီးတွင် တာဆန်းလဲ ရှေးဟောင်းစေတီ ကပ်ကျော်လဘ်ခေါ်စေတီအား ပြန်လည် ပြုပြင်မွမ်းမံရန်အတွက် ယနေ့ နံနက်ပိုင်းက  ဒေသခံ ပြည်သူများ စုပေါင်း၍  သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း  စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု များအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ နောက်ဆုံးလူနာ (၁)ဦးအား ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြု

ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာဖြစ်သည့် လွိုင်ကော်မြို့ ၊ နမ့်ဘော်ဝမ်(က)ရပ်ကွက် တွင်နေထိုင်သော အသက်(၃၂)နှစ်အရွယ် အမျိုးသားတစ်ဦးအား လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသပေးလျက်ရှိပြီး သတ်မှတ် Quarantine ဝင်ရောက်ရက်ပြည့်၍ ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပြု လိုက်ကြောင်းသိရသည်။

ဖရူဆိုမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၁၉၇)စု အတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်ရန် အချက်များကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ယနေ့နံနက်က နမ့်ဟူး၊ မယ်ဆည်နမ်၊ နမ့်ပိန်းလင်၊ ကျောက်စုကျေးရွာတို့၌ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု (၅၈၁၂) စုအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရေးအတွက် နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများ က သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ လိုက်နာ ဆောင်ရွက်နိုင် ရန်အတွက် အသိပညာပေး နှိုးဆော်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ဝန်ထမ်းများသည်  မြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားမှု မဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ အဋ္ဌမအကြိမ် ပြန်လည်ထုတ်ချေး နိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျောက်စုကျေးရွာ မြစိမ်းရောင် စီမံကန်း အဋ္ဌမအကြိမ် ပြန်လည် ထုတ်ချေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ တင်ဒါခေါ်ယူခြင်းအတွက် တင်ဒါစိစစ်ရွေးချယ်ခြင်း ကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ် ရန်ပုံငွေဖြင့်
Subscribe to ကယားပြည်နယ်