ကယားပြည်နယ်

ဒီးမော့ဆိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ အရှိန်မြှင့်တင် စစ်ဆေးဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေး အတွက် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီအချိန်က ဒီးမော့ဆိုမြို့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းရှေ့တွင် ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွာသစ်မြို့ရှိ ဆောင်းသီးနှံစိုက်ခင်းများအား ပိုးမွှားများ ကျရောက်မှု မရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ၏ သီးနှံစိုက်ခင်း များအား ပိုးမွှားများကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက စံပြစိုက်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖား​ဆောင်းမြို့တွင် စာ​ပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ဖား​ဆောင်းမြို့၌ Book Club,Women Club နှင့် Young Club အဖွဲ့တို့မှ စာ​ပေချစ်မြတ်နိုးသူများက စာ​ရေးဆရာ’’​ကျော်ဝင်း”​ရေးသားသည့် ‘’၂၁ ရာစု သား​ရွှေဥ”စာအုပ်အား စာဖတ်ဝိုင်း​ဆွေး​နွေးခြင်းကို ယ​နေ့​နေ့လည်(၁၁)နာရီ အချိန်က ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၃၁)နှစ်​မြောက် က​လေးသူငယ် အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ ကွန်ဗင်းရှင်းအထိမ်းအမှတ်​ နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကယားပြည်နယ်၊​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်(၃၁)နှစ်​မြောက် က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံကွန်ဗင်းရှင်း အထိမ်းအမှတ်​နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနားကို ယမန်​​နေ့ည​နေပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦး​စီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် (၃၁) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြို လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

လွိုင်ကော်မြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများအား ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ သမဝါယမဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဝန်ထမ်းများ သက်သာ ချောင်ချိစေ ရေး အတွက် ဆန် နှင့် ဆီများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် သမဝါယမ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။

(၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူ စာချုပ် (UNCRC Day) အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဘောလခဲမြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ (UNCRC Day)အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉:၃၀)နာရီက မဟာကန္တာရတိဏ္ဏ ဘုန်းတော်ကြီးကျောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင်ကျင်းပပြုလုပ်ခဲ့သည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးလုပ်ငန်းများ  လိုက်လံနှိုးဆော်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု  ဦးစီးဌာနက  အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ် စေရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များကို ယမန်နေ့က မိုဆိုကျေးရွာအုပ်စု နှင့် ဟိုယာကျေးရွာအုပ်စု တို့တွင် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် တောင်သူအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို အွန်လိုင်းမှ တဆင့် ရိုက်ကူး ထုတ်လွှင့်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော တောင်သူအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြု လူနာ နှစ်ဦး တွေ့ရှိ

ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်း ခံထားရသူ (၁၁၈)ဦး၏ ဓာတ်ခွဲ နမူနာများကို (၁၆.၁၁.၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့ ၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ (၁၇.၁၁.၂၀၂၀) ရက်နေ့ တောင်ကြီးမြို့ ၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)၏ ဆေးစစ်ဆေးချက်အဖြေ ထုတ်ပြန်ချက်အရ (၁၁၆)ဦး၏ အဖြေမှာ Negative ဖြစ်ပြီး (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ (ပိုးတွေ့ရှိ) ရကြောင်း သိရှိရသည်။
Subscribe to ကယားပြည်နယ်