လွိုင်ကော် နိုဝင်ဘာ ၁၇
ကယားပြည်နယ် အတွင်းရှိတောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၀ပြည့်နှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ သီးနှံ အမျိုးအစားအလိုက် တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀/ ၁၀၀၀၀၀ နှုန်း ၊ အတိုးအား တစ်နှစ် လျှင် ၅ ရာခိုင်နှုန်းဖြင့် စတင်ထုတ်ချေးပေးလျက်ရှိသည်။
အဆိုပါ ချေးငွေများအား နိုဝင်ဘာလ မှ ဇန်နဝါရီလအထိ ထုတ်ချေးပေးသွာမည်ဖြစ်ပြီး ချေးငွေ ရယူလိုသည့် တောင်သူများအနေဖြင့် ချေးငွေအဆိုပြုလွှာများကို မိမိတို့ရပ်ကွက်/ ကျေးရွာအုပ်စု အလိုက် ချေးငွေစိစစ်ရေးအဖွဲ့များမှတစ်ဆင့် အချိန်မီတင်ပြလျှောက်ထားရန်လိုအပ်သည်။
ကယားပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ရန်ပုံငွေကို စိုက်ပျိုးဧက ၁၀၀၀ လျှင် ငွေကျပ် သိန်း ၁၀၀၀ ထုတ်ချေးရန် လျာထားလျက် ရှိကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)