ဖရူဆို နိုဝင်ဘာ ၁၇
ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့နှင့် အပြည်ပြည်ဆိုင်ရာ ကလေးများ နေ့ (UNCRC Day) နှစ်ပတ်လည် အကြိုလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြိုနယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်း က ကလေးသူငယ်အခွင့်အရေးဆိုင်ရာသမိုင်းကြောင်းများနှင့် ပတ်သက်၍ အမှာ စကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နှင်းထက်ထက်လွင် က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၃၁) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့နှင့် အပြည်ပြည်ဆိုင်ရာကလေးများ နေ့ အထိန်းအမှတ် (UNCRC Day) အကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ကလေး သူငယ်ကိုယ်စားလှယ်များက ကလေးသူငယ်အခွင့်အရေးအကြောင်း၊ ကလေးသူငယ်အခွင့်အရေး ဥပဒေပါ ကလေးများ၏ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ နှင့် ကလေးသူငယ်များအား ကာကွယ် စောင့်ရှောက်ပေးရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော မြိုနယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက (UNCRC Day) အကြိုလှုပ်ရှားမှုတွင် ဆုရရှိသော ကလေးသူငယ် များအား အသီးသီးဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)