ဘောလခဲ နိုဝင်ဘာ ၁၇
ဘောလခဲခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ပြည်သူများအရှိန်မပျက် လိုက်နာဆောင်ရွက်သွားနိုင်ရေး အသိပေးနိုးဆော်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်မှ စတင်၍ ရပ်ကွက်၊ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်၊ ကယားပိုင်းရပ်ကွက်၊ ရှမ်းစုစည်းနှင့် ဘူးခူ ကျေးရွာအုပ်စု ဘူးခူကျေးရွာ၊ ထားလဲကျေးရွာအုပ်စု ဘူးခူကျေးရွာနှင့် နန်းဖဲကျေးရွာအုပ်စု နန်းဖဲနှင့် စလဲလုံကျေးရွာတို့တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မင်းမင်းအေးနှင့် ဝန်ထမ်းများမှ ပြည်သူလူထုများ ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ် ထိန်းချုပ်ခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်သူလူထုများ လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက်များကို အရှိန်မပျက် ဆက်လက်လိုက်နာဆောင်ရွက်သွားရန် ကွင်းဆင်း အသိပေးနှိုးဆော်ခဲ့သည်။ ဆက်လက်၍လည်း ပြည်သူများ ပွင့်လင်းရာသီတွင် ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် လိုက်နာဆောင်ရွက်သွားရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်