မယ်စဲ့ နိုဝင်ဘာ ၁၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြု၍ ပိုလျှံသော ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။
ရွေးကောက်ပွဲကာလ၌ မယ်စဲ့မြို့နယ်အတွင်းရှိ မဲရုံများသို့ ဖြန့်ဝေသုံးစွဲပြီး ပိုလျှံသော ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် PPE Level-2 ၇၅ စုံ၊ PPE Level-3 ၄၅ စုံ၊ ဖိနပ် ၃၂ စုံ၊ ခေါင်းစွပ် ၂၄ စုံ၊ ခြေအိတ် ၄၅ စုံ၊ လက်အိတ် ၁၁ စုံ၊ မျက်မှန် ၂၅ ခု တို့ကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက လွှဲပြောင်းပေးအပ်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)