ကယားပြည်နယ်

အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး အခြေခံနှင့်အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ဖားဆောင်းမြို့နယ်ရုံးမှကြီးမှူး၍ ကျေးလက်ဒေသနေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အခြေခံနှင့်

ခရီးသွားပြည်သူများနှင့် ဈေးရောင်းဝယ်သူများ မဖြစ်မနေ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးအတွက် မဖြစ်မနေ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း ကို မြို့နယ် Coronavirus Disease 2019 ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မယ်စဲ့မြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မြို့နယ်အဆင့် ကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လွိုင်ကော်မြို့ မှုံပြာကျေးရွာတွင် ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ အောင်မြင် ဖြစ်ထွန်း

ကယားပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ မှုံပြာကျေးရွာတွင် စိုက်ပျိုးတောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရွာသစ်မြို့ ဝေးလံခေါင်ဖျား ကျေးရွာများသို့ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် လက်၀ယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ဝေးလံခေါင်ဖျားဒေသ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်၀င်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော်မှ စတုတ္ထ အကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက ကျေးရွာများသို့ လက်၀ယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ကျေးရွာပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်စဉ်ကာလအတွင်း နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်​နေ့က ကျေးရွာများအရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဒေါတမကြီးကျေးရွာအုပ်စုအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု (၁၅၁) စုအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရေးအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဒေါတမကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအား ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် Quarantine Centre တို့မှ တာဝန်ကျ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၆၃ ဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး

ကယားပြည်နယ်တွင် ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် နိုဝင်ဘာ ၅ ရက် ညနေပိုင်းက မကွေးမြို့နယ်မှ ဒီးမော့ဆိုမြို့နယ် ကပ္ပာယ်ခူပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ဝင်ရောက် လာသူ (၃)ဦးသည် အခြေခံပညာအထက်တန်းကျောင်း (ဒီးမော့ဆို)၌ အသွားအလာ ကန့်သတ်ထားစဉ် ၎င်းတို့၏ ဓာတ်ခွဲနမူနာများ ရယူပြီး တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီက ထုတ်ပြန်ချက်တွင် အသက်(၃၀) နှစ်အရွယ် အမျိုးသား တစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးရာ ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့၌ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်