ဖားဆောင်း နိုဝင်ဘာ ၁၈
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်အသိပညာပေး Talk Show ကို ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်နန်းသဲနုအောင်က မီးဘေးအန္တရာယ်အသိပညာပေး” Talk Show”ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကိုဗစ်-၁၉ ကာလတွင် မိမိတို့၏နေအိမ်၌ “stay home “ နေထိုင်သည့် ပြည်သူလူထုများအား Online ဖြင့် အသိပညာဗဟုသုတရရှိစေရန် ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ တာဝန်ခံ ဦးသိန်းဇော်က မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မီးဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်မှုများနှင့် ယခုကာလသည် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်သည်လည်း အရေးတယူ ဂရုစိုက်ရမည့် ဘေးအန္တရာယ်ဖြစ်သောကြောင့် ဆောင်ရန်၊ရှောင်ရန်နှင့် လိုက်နာဆောင်ရွက် သင့်သည်များကို ပြည်သူလူထုသိရှိအောင် အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)