ယခုနှစ် ဘောလခဲမြို့ မိုးနှမ်းစျေးနှုန်း ကျဆင်းသဖြင့် မိုးနှမ်းဝယ်လှောင်လက်များ အရှုံးပေါ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင်းတွင် ယခုကာလအတွင်း နှမ်းဈေးနှုန်း များ ကျဆင်းပြီး လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် (၃၀၀၀) သာရှိတော့သဖြင့် နှမ်း ဈေးတက်ရန် မျှော်လင့်ပြီး လှောင်ထားသောတောင်သူများ အရှုံးပေါ်နေကြောင်း နှမ်းစိုက် တောင်သူတစ်ဦးထံမှ သိရသည်။