ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသအကျိုးပြု လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၄၈.၉၆ သန်းဖြင့် ပန်တိန်းကျေးရွာ လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ် နေမှုအား ယနေ့ နံနက်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦး နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အဆိုပါနေရာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘောလခဲမြို့ အမှတ်(၂)အခြေခံပညာ မူလတန်ကျောင်းတွင် ရွှေဘောလခဲပရဟိတအဖွဲ့က မီးတားလမ်းပြုလုပ်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ အမှတ်(၂)အခြေခံပညာ မူလတန်ကျောင်းတွင် ရွှေဘောလခဲပရဟိတအဖွဲ့ က မီးတားလမ်းပြုလုပ်ပေး ခြင်းကို ယနေ့ နံနက်(၇)နာရီက စတင် ဆောင်ရွက်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ​ရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံ​ငွေဖြင့် ​​ဒေသဖွံ့ဖြိုး​ရေး ​လုပ်ငန်းများ ​ဆောင်ရွက်​နေမှုကို တာဝန်ရှိသူများ ကွင်းဆင်းစစ်​ဆေး

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ စည်ပင်သာယာ​ရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ​ရေးနှစ် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ရန်ပုံ​ငွေ တင်ဒါစနစ်ဖြင့် ​ငွေနှင်း​ဆောင်ကုမ္ပဏီ lot-31 မှ တာဝန်ယူ​ဆောင်ရွက်​နေသည့် ​​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို ယ​မန်နေ့က ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်နန်း​ထွေးသူ၊ မြို့နယ်တည်​ဆောက်ရေး လုပ်ငန်းများ စိစစ်​ရေး​ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုး၊​ကော်မတီဝင်စည်ပင်သာယာ​ရေး အဖွဲ့အမှု​ဆောင်အရာရှိ ဦးကံထူးနှင့်ကော်မတီဝင်များက ကွင်းဆင်းစစ်​ဆေးခဲ့ကြသည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ အိုင်စန့်ကျေးရွာ (လီဆူးကျေးရွာ) နှင့် ဝမ်ငေါ့ရေတံခွန်တို့အား ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရန်အတွက် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်တွင် Master Plan နှင့် Action Plan များရေးဆွဲဖော်ဆောင်နိုင်ရန်အတွက် ကယားပြည်နယ် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန နှင့် လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီတို့သည် ယမန်နေ့မွန်းလွဲပိုင်းက ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင် ရန်အတွက် လွိုင်ကော်မြို့နယ်အတွင်းရှိ အိုင်စန့်ကျေးရွာ (လီဆူးကျေးရွာ) နှင့် ဝမ်ငေါ့ရေတံခွန်တို့သို့ သွားရောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ရွာသစ်မြို့ သံလွင်မြစ်ကမ်းအနီးရှိ တာဆန်းလဲ ရှေးဟောင်း ကပ်ကျော်လဒ်ခေါ် စေတီအား ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် မင်္ဂလာပန္နက်တင် အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ သံလွင်မြစ်ကမ်းအနီးရှိ အလောင်းမင်းတရား တည်ထားကိုးကွယ်ခဲ့ သော တာဆန်းလဲ ရှေးဟောင်းပေါ်တော်မူ စေတီဘုရားအား ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် မင်္ဂလာပန္နက်တင် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါနေရာ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

​ဖားဆောင်းမြို့၌ (၇၃)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြို အသိပညာ​ပေး “Talk Show” ပြုလုပ်

ကယားပြည်နယ်၊​​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ​အ​ခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်း ၍ ​​(၇၃)နှစ်​​​မြောက် လွတ်လပ်​ရေး​နေ့အကြို အသိပညာ​ပေး Talk Show ကို ယ​​​နေ့ နံနက်(၁၀)နာရီက ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံ​ရေး ဦးစီးဌာန၊ လူထုအ​ခြေပြုဗဟို ဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖရူဆိုမြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် မြို့မဈေးတို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စီစဉ်ထုတ်ဝေသော (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ဘောလခဲမြို့၏ အသက်သွေးကြော ပွန်ချောင်းရေ စံချိန်တင်ကျဆင်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၏ အသက်သွေးကြောပမာ အမီပြုနေထိုင်ကြရသော ပွန်ချောင်းရေသည် ထူးကဲစွာ ကျဆင်းပြီး ရေအောက်ကျောက်ဆောင်များ ပေါ်ထွက်သည့်အထိ ဖြစ်ပေါ် နေသည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများ သတ်မှတ်စီစစ် ရွေးချယ်နိုင်ရေး ညှိနှိုင်း အစည်းဝေး

လွိုင်ကော်မြို့နယ်အတွင်းရှိ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများတွင် တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ်များ ထောက်ပံ့နိုင်ရန် သတ်မှတ် စီစစ်ရွေးချယ်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်