ရွာသစ် ဇန်နဝါရီ ၂၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ ဟွေအောကျေးရွာ အုပ်စုအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးလက်နေ ပြည်သူများ၏ ဆန္ဒသဘောထားသိရှိနိုင်ရန် ရည်ရွယ်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က အဆိုပါကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ဘောလခဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာ ထွန်း၊ ရွာသစ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်၊ ကျေးလက်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနှင့် လျှပ်စစ် ဌာန စသည့် သက်ဆိုင်ရာ ဌာန တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဟွေအောကျေးရွာ Mini Grid Solar Farm မီးလင်းရေး၊ Pilot Project ဆောင်ရွက်နိုင်ရေး အစရှိသည်များကို ကျေးရွာသူ၊ ကျေးရွာသားများ၏ ဆန္ဒ သဘောထားများအား သိရှိနိုင်ရန် မြေပြင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)