ဘောလခဲ ဇန်နဝါရီ ၁၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ ကျက်သရေဆောင် မြို့လယ်ဓမ္မာရုံသစ်ကြီးကို မြန်မာမှု လက်ရာများဖြင့် စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။
ကယားပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်ဒေသဖွံဖြိုးရေး ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြို့ကျက်သရေဆောင် မြို့လယ် ဓမ္မာရုံသစ်(၁၀၀x၄၈) ပေ RC (၂)ထပ် မြန်မာမှုလက်ရာဖြင့် အတွင်း ရေ/မီး၊ မီးဖိုဆောင်၊ ရေစင်နှင့် Groung Tank၊ ခြံစည်းရိုး အုတ်တံတိုင်း၊ အဝင်အထွက် ကွန်ကရစ်လမ်း၊ အိမ်သာတည်ဆောက်ခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် (၄၈၅.၀၀၀) သန်းဖြင့် ခမ်းရွှေဝါထွန်း ကုမ္ပဏီ မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
မြို့ကျက်သရေဆောင် မြို့လယ်ဓမ္မာရုံကြီး ပြီးစီးပါက မြို့နယ်တွင်း နေထိုင်ကြသော ပြည်သူများနှင့် ဘောလခဲဌာနဆိုင်ရာ ဝန်ထမ်း များ၏ ဘာသာရေးပွဲသဘင်များ၊ ရပ်ကွက်တွင်း အလှူပွဲများနှင့် မြို့ပေါ်ရပ်ကွက်အစည်းအဝေးများ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ပို့ချရာ နေရာကောင်းတစ်ခုပင် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရှိရသည်။
လှရွှေ