လွိုင်ကော်မြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရန် ဌာနဆိုင်ရာများအားတာဝန်ပေးအပ်
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ လာမည့်အစိုးရသက်တမ်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် အတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စုအတွင်း နေထိုင်သူများအား ရွေးချယ်ထားသော ရပ်မိရပ်ဖ(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် ဌာနဆိုင်ရာတာဝန်ရှိသူများအား တာဝန်ပေးအပ်ခြင်း ကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။