ရွာသစ် ဇန်နဝါရီ ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ကယားပြည်နယ်၊ ဘောလခဲ ခရိုင်၊ ရွာသစ်မြို့ ရေတံခွန်သွားလမ်း မြေလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း၊ ဝမ်ဖကြီးကျေးရွာ (အ-မ-က) ကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်းများကို ဘောလခဲခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုနိုင်နှင့် အဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရွာသစ်မြို့ ရေတံခွန်သွားလမ်း (၁/၀)မိုင် မြေလမ်းဖောက်လုပ်ပေးခြင်းဖြင့် ပြည်နယ်အတွင်း နေ့စဉ် ခရီးသွားပြည်သူများ လာရောက်အပန်းဖြေလျက်ရှိပြီး ဒေသအတွင်း ခရီးသွား လုပ်ငန်းနှင့် အလုပ် အကိုင် အခွင့်အလမ်း ပေါ်ပေါက်စေကြောင်းနှင့် Japan နီပွန် ဖောင်ဒေးရှင်း (စေတနာ)အဖွဲ့မှ ကြီးကြပ် ဆောင်ရွက်နေသော ဝမ်ဖကြီးကျေးရွာ(အ−မ−က)ကျောင်းဆောင် (၉၀×၃၀)ပေ အုတ်ညှပ်တစ်ထပ် တည်ဆောက်ခြင်း လုပ်ငန်း ပြီးစီးပါက နယ်စပ်ဒေသရှိ ကျောင်းနေ အရွယ်ကလေးများ အဆင့်မီစွာ ပညာ သင်ကြားနိုင်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်သော နေရာဖြစ်ကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)