၂၀၂၄ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော် (ကျေးဇူးတော်ချီးမွမ်းပွဲ) ကျင်းပပြုလုပ်၊ ဧရာဝတီမြစ်ကမ်းဘေး အင်ဂျန်းခချောင်းဆုံနေရာတွင် အပန်းဖြေစခန်းနှင့် ကျောက်စီမြေထိန်းတမံ တည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
ကချင်ပြည်နယ်အတွင်း ဆန်စပါးရိတ်သိမ်းပြီးချိန်တွင် တစ်နှစ်တာအတွင်း တောင်သူတို့၏ လယ်ယာမှ ဦးစွာရရှိသော ကောက်ဦးစပါးပေါ်ချိန် အင်လုံအင်နန်ရှားပွဲဟု ခေါ်ဆိုသည့် ရိုးရာ ကောက်သစ်စား ကျေးဇူးတော် ချီးမွမ်းပွဲတော်ကို နှစ်စဥ် ကျင်းပလေ့ရှိရာ ယခုနှစ် ၂၀၂၄ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော် (ကျေးဇူးတော်ချီးမွမ်းပွဲ) အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတောင်သူများ စုပေါင်းကာ နိုဝင်ဘာ ၃၀ ရက် နံနက် ၈ နာရီခွဲက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။