ဖားကန့် ဇွန် ၆
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက် မွန်းတည့်(၁၂)နာရီက ဖားကန့်မြို့ကျောက်စိမ်းတွင်း သာသနာ့ဗိမာန်တော်ကြီး၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဖားကန့်မြို့နယ်အတွင်း ကျောင်းတိုက်များရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်စာရင်းသွင်း (၁၃၈)ပါးရှိသည့်အနက် ဖြေဆိုသူ(၁၀၆)ပါး၊ ပျက်ကွက်(၃၂)ပါးဖြစ်ပြီး ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်းဘာသာတို့ကို ဇွန်လ(၄)ရက်မှ (၁၀)ရက်အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပရာတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်များ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဆရာတော်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတို့က စာဖြေဆို ရဟန်း၊ သာမဏေနှင့် သီလရှင်ဆရာလေးများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နယ်မြေခံတပ်မတော်မှ အရာရှိကြီးများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအလှူရှင်များမှ အလှူငွေစုစုပေါင်း ကျပ်သိန်း ၁၄,၆၃၅,၀၀၀ (ကျပ် တစ်ရာလေးဆယ့်ခြောက်သိန်းသုံးသောင်းငါးထောင် တိတိ)အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)