မြစ်ကြီးနား ဇွန် ၉
၂၀၂၅ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ သံယဇာတရေးရာဝန်ကြီးဖလား အသက်(၁၃)နှစ်အောက် (အမျိုးသား) ဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့်ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြည့်ရှုခဲ့ကြပြီး ဗိုလ်လုပွဲတွင် သယံဇာတအသင်းနှင့် (PK)အသင်းတို့ ယှဉ်ပြိုင်ကစားခဲကြရာ သယံဇာတအသင်းက (၅)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အကောင်းဆုံးအားကစားသမားဆုများ၊ တတိယဆုနှင့် ဒုတိယဆုရရှိသော အသင်းတို့အား ဂုဏ်ပြုဆုတံဆိပ်များနှင့် ငွေသားဆုများကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ပထမဆုရရှိသောအသင်းအား ဂုဏ်ပြုဆုတံဆိပ်များ၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)