ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် လယ်သီးထပ်ဆောင်းသီးနှံ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး/ စိုက်ဧရိယာတိုးချဲ့နိုင်ရေးနှင့် ဧရာဝတီရှုခင်းသာအပန်းဖြေစခန်း အကောင်အထည်ဖော်တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီမှစတင်၍ သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့၊ စက်မှုရပ်ကွက်နှင့် မန်ခိန်ရပ်ကွက်အတွင်း စံပြစိုက်ကွင်း တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဗလမင်းထင်စံပြစိုက်ကွင်းသို့သွား ရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။