ကချင်ပြည်နယ်ဝန်ကြီးချုပ် စပါးကြဲခင်းများ လျော့နည်းပပျောက်လာစေပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီစွာရရှိရေးအတွက် စပါးမျိုးစေ့ချကိရိယာ (Seeder) များ၊ စပါးမျိုးသန့်မျိုးစေ့အိတ်များနှင့် သွင်းအားစုများအား မြို့နယ်များအလိုက် တောင်သူများထံ ဖြန့်ဝေပေးအပ်
ကချင်ပြည်နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ တောင်သူဝင်ငွေတိုးပွားရေးအတွက် စပါးစိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးအတွက် စပါးကြဲခင်းများ လျော့နည်းပပျောက်လာစေရေး နည်းစနစ်ပြည့်ဝမှန်ကန်သည့် စပါးမျိုးစေ့ချကိရိယာ (Seeder) များ အသုံးပြု၍ စိုက်ပျိုးနိုင်ရေး မြို့နယ်များအလိုက် တောင်သူများထံ ဖြန့်ဝေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။