မြစ်ကြီးနား ဒီဇင်ဘာ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၁၆/၂၀၂၅)ဖွင့်ပွဲကို မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက် ရေကြည်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှူးက ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေရန် ယခုလိုအသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပို့ချပေးခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ဝိုင်အမျိုးမျိုး၊ ဂရိတ်ဖရုယို၊ ဂရိတ်ဖရုသီးဖျော်ရည်၊ ချဉ်စော်ကားသီးယို၊ ဖျော်ရည်အမျိုးမျိုးနှင့် နှမ်းယိုမြေပဲယိုစသည့် ယိုဖျော်ရည် (၁၃) မျိုးသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ (၂၅)ဦးဖြင့် ဒီဇင်ဘာလ (၂၂) ရက်နေ့မှ (၂၆)ရက်နေ့အထိ စာတွေ့/လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)