ပူတာအို ဒီဇင်ဘာ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဒိန်ရထင်ဗေး၊ ဦးသိန်းစိုးနှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းတို့နှင့်အတူ ဒီဇင်ဘာ(၂၅)ရက် နံနက်ပိုင်းက ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘောမြို့နယ်များတွင် မဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် တတိယအကြိမ် အတည်ပြုပြီး မဲစာရင်းများ ကပ်ထားကြောငြာထားရှိမှုများအား ကွင်းဆင်းစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်ဇော်သည် ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု ထဝါဒမ်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ မဲရုံအမှတ်(၂)၌ ၂၀၂၅-ခုနှစ် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မဲရုံအတွင်း လွတ်တော်အလိုက် ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ရွေးကောက်ပွဲ အပိုင်း(၂)၊ ၂၀၂၆-ခုနှစ် ဇန်နဝါရီ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မချမ်းဘောမြို့နယ် ထရန်ဒမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း မဲရုံအမှတ်(၂)တွင် မဲရုံအတွင်း လွတ်တော်အလိုက် ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က မဲရုံတာဝန်ကျမဲရုံမှူးနှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်ဇော်သည် ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ ကောင်းမှုလုံကျေးရွာအုပ်စု ငွါးဇာခါးကျေးရွာ ရွယ်ချီဘက်စုံသုံးခန်းမနှင့် ထရန်ဒမ်းကျေးရွာအုပ်စု ထရန်ဒမ်းကျေးရွာ နမ်ဆာရ်ဘက်စုံသုံးခန်းမ၌ ၂၀၂၆-ခုနှစ် ဇန်နဝါရီ(၁၁)ရက်နေ့ ရွေးကောက်ပွဲ အပိုင်း(၂)တွင် ဆန္ဒမဲပေးကြမည့် ပူးပေါင်းစိစစ်ရေးအဖွဲ့က အတည်ပြုပြီး မဲဆန္ဒရှင်စာရင်းများကို တတိယအကြိမ်ကပ်ထားကြေငြာထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများနှင့် ရင်းရင်းတွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်(ပူတာအို)