တနိုင်းမြို့၌ ကြိုတင်မဲပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

တနိုင်း  ဒီဇင်ဘာ ၂၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ကျေးရွာ၊ရပ်ကွက်ရုံးများတွင်  တတိယအကြိမ် မဲအတည်ပြု မဲစာရင်းများကြေညာထားပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက်တွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် ထိန်းချုပ်စက် ကိုင်တွယ်မည့်မဲရုံအဖွဲ့ဝင်များအား ဒီဇင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်း(၉)နာရီမှစ၍ သက်ဆိုင်ရာ ကျေးရွာ၊ရပ်ကွက်ရုံးများတွင် ကြိုတင်မဲရုံမျာပြင်ဆင်၍ ကြိုတင်မဲပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်း‌ ကျေးရွာ၊ရပ်ကွက် စုစုပေါင်း(၁၉)အုပ်စုရှိပြီး မဲရုံစုစု‌ပေါင်း(၂၉)ရုံပြင်ဆင်ထားရှိကာ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲပေးမည့်မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများစီစဥ်‌ဆောင်ရွက်ထားရှိကြောင်း တနိုင်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နေလင်းထူး(ပြန်/ဆက်)