ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ပြည်နယ်အဆင့် သတ္တမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ပျိုးပင်ပေါင်း (၇၀၀)ကျော် စိုက်ပျိုးပေး၊ အသက်(၁၈)နှစ်အောက် ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်း၏ ခြေစမ်းပွဲယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေး
ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် အရိပ်ရလေကာတန်းဖြစ်စေရေးတို့ကို ရည်ရွယ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ၂၀၂၅ ခုနှစ်၊ ပြည်နယ်အဆင့် အဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၇)နာရီခွဲက မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းသွားလမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။