ကချင်ပြည်နယ်

တနိုင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်း​ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက တနိုင်းမြို့နယ်၊ အခြေခံပညာ မူလတန်းလွန်-ဟူးကောင်းကျောင်း၌ ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယနေ့နံနက် (၈)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆွမ်ပရာဘွမ်မြို့တွင်(ဘော်ဒါ) ဆောင်များ၌ဆန်အိတ်များလှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ဆွမ်ပရာဘွမ်မြို့တွင် (ဘော်ဒါ)ဆောင်နေကျောင်းသား၊ ကျောင်းသူများအတွက် ဆန်အိတ်များလှူဒါန်းခြင်း လုပ်ငန်းကိုဒီဇင်ဘာ၂၁ရက်ညနေ ၃နာရီကအဆိုပါ(ဘော်ဒါ) ဆောင်များ၌လှူဒါန်းခဲ့ကြောင်းသိရသည်။

မိုးကောင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်များပြသ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ် စာစောင်ပြသခြင်းကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ်(၁၁)နာရီတွင် ကျင်းပခဲ့ သည်။

ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ခရစ္စမတ်အကြောင်းသိကောင်းစရာ Talk Show ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ခရစ္စမတ်အကြောင်းသိကောင်းစရာ Talk Show ကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ရှင်ဗွေယန်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ

၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်သူများ ကျန်းမာသန်စွမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျောင်းတွင်းအသင်းလိုက် ဘောလုံးအားကစားပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့အ‌ခြေခံပညာအထက်တန်းကျောင်းရှေ့ မြို့မဘောလုံးအားကစားကွင်း၌ စတင်ကျင်းပလျက်ရှိသည်။

ချီဖွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၉ နာရီမှ စတင်ကာ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

မိုးညှင်းခရိုင်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် စိစစ်ရွေးချယ်တင်ပြရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ခရိုင်အဆင့် စိစစ်ရွေးချယ်တင်ပြရေးလုပ်ငန်းအဖွဲ့မှ ယနေ့နံနက်(၉)နာရီက မိုးကောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်၌ လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးသင်တန်းဖွင့်

၂၀၂၃-ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်(Working Group) မြေပြင်လူဦးရေစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၂၀)ရက် နံနက်(၉)နာရီခွဲက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မံစီမြို့နယ် ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာများအရောက် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် နန့်မဖွဲ့ကျေးရွာအုပ်စု၊ နန့်မဖွဲ့ကျေးရွာ အောင်စည်သာခန်းမ၌ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာများအရောက် အသိပညာပေးဟောပြော ဆွေးနွေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်သည့်  မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
Subscribe to ကချင်ပြည်နယ်