ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ဆွမ်ပရာဘွမ်မြို့တွင် (ဘော်ဒါ)ဆောင်နေကျောင်းသား၊ ကျောင်းသူများအတွက် ဆန်အိတ်များလှူဒါန်းခြင်း လုပ်ငန်းကိုဒီဇင်ဘာ၂၁ရက်ညနေ ၃နာရီကအဆိုပါ(ဘော်ဒါ) ဆောင်များ၌လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါဆန်အိတ်များလှူဒါန်းခြင်း လုပ်ငန်းဆောင်ရွက်ရာသို့ ဆွမ်ပရာဘွမ်မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်အေး အေးကျော့နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ပူးပေါင်း၍(ဘော်ဒါ)ဆောင်မှ ကျောင်းသား၊ ကျောင်းသူများ ကိုစားဝတ်နေရေးအတွက် တဖက်တလှမ်းမှ ကူညီနိုင်ရန်ရည်ရွယ်လျက် ၂၀၂၂-၂၀၂၃ပညာ သင်နှစ် ဆွမ်ပရာဘွမ်စာစစ်ဌာနတွင်ကက်သလစ် အသင်းတော်(ဘော်ဒါ) ဆောင်မှမူလတန်း၊ အလယ်တန်း၊ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ အတွက် ဆန်အိတ်(၅) အိတ်ကိုလည်းကောင်း၊ နှစ်ခြင်းအသင်းတော်မှကျောင်းသား၊ ကျောင်းသူများ အတွက်ဆန်အိတ်(၂)ကို လည်းကောင်းလှူဒါန်းခဲ့ရာ (ဘော်ဒါ)ဆောင်တာဝန်ခံများက လက်ခံယူ၍ ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့ ကြောင်းသိရသည်။
April moe(ဆွမ်ပရာဘွမ်)