မိုးညှင်းခရိုင်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် စိစစ်ရွေးချယ်တင်ပြရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်

မိုးညှင်း  ဒီဇင်ဘာ  ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ခရိုင်အဆင့် စိစစ်ရွေးချယ်တင်ပြရေးလုပ်ငန်းအဖွဲ့မှ ယနေ့နံနက်(၉)နာရီက မိုးကောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုးညှင်းခရိုင်းအတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ (Clean and Green School)ပေါ်ပေါက်လာစေရန်အတွက် အခြေခံပညာကျောင်းများတွင် ပတ်ဝန်းကျင်ဆိုင်ရာအသိပညာဗဟုသုတများနှင့် လှုပ်ရှားမှုများပိုမိုမြှင့်တင်နိုင်ရန်၊ အခြေခံပညာကျောင်းများမှတစ်ဆင့် ကျေးရွာ၊ ရပ်ကွက်၊ မြို့ပြနေပြည်သူများထံသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းမြင့် ဦးဆောင်သည့် စိစစ်ရွေးချယ်တင်ပြရေးလုပ်ငန်းအဖွဲ့ဝင်များက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပေးအပ်ချီးမြှင့်မည့် ခရိုင်အဆင့်အကောင်းဆုံးသန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုရွေးချယ်နိုင်ရန် မိုးညှင်းခရိုင်အနေဖြင့် မိုးကောင်းမြို့နယ်အတွင်းရှိ အ.ထ.က(၁)မိုးကောင်း၊ အ.လ.က(သူဌေးကုန်း)နှင့် အ.မ.က(ပင်လုံ)ကျောင်းတို့၌ စိုက်ပျိုးထားသော သစ်ပင်ပန်းပင်များ၊ နံရံဆေးရေးပန်းချီများ၊ ဆုရပန်းချီများ၊ စာစီစာကုံးများ၊ ပလတ်စတစ်နှင့် အခြားစွန့်ပစ်ပစ္စည်းများဖြင့် တီထွင်ကြံဆပြုလုပ်ထားသည့် လူ့အသုံးအဆောင်များတို့ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း