မိုးကောင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်များပြသ

မိုးကောင်း ဒီဇင်ဘာ ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြသခြင်းကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ်(၁၁)နာရီတွင် ကျင်းပခဲ့ သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က အဖွင့်အမှာစကား ပြောကြား၍ Grade 2 ကျောင်းသား၊ ကျောင်းသူ (၁၁)ဦး တို့က ကဗျာရွတ်ပြိုင်ပွဲတွင် လွတ်လပ်ရေးနေ့တို့ မမေ့ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပုံပြင်ပြောပြိုင်ပွဲတွင် သစ်ပင်လေးတွေစိုက်ကြမယ် ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပြီး  မြို့နယ် ပြန်/ဆက်ဝန်ထမ်းများက ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ဆုအသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဉာဏစွမ်းရည်တိုးတက်စေရန်ရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပပြီး အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို တက်ရောက်သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)