ဝိုင်းမော် ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ခရစ္စမတ်အကြောင်းသိကောင်းစရာ Talk Show ကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဝိုင်းမော်မြို့ လော်ဝေါ်နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာကြီး ဦးဇောင်းဇယ်က ခရစ္စမတ်ဖြစ်ပေါ်လာပုံနှင့် သူငယ်တော်ယေရှုခရစ်တော် မွေးဖွားလာပုံများအား အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ဖြူစင်(ပြန်/ဆက်)