ရှင်ဗွေယန် ဒီဇင်ဘာ ၂၁
၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်သူများ ကျန်းမာသန်စွမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျောင်းတွင်းအသင်းလိုက် ဘောလုံးအားကစားပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့အခြေခံပညာအထက်တန်းကျောင်းရှေ့ မြို့မဘောလုံးအားကစားကွင်း၌ စတင်ကျင်းပလျက်ရှိသည်။
အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲတွင် ရှင်ဗွေယန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသားများက အသင်း(၅)သင်းခွဲ၍ ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အခြားအားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုထံမှ သိရသည်။
အာနိုင်(ပြန်/ဆက်)