မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉နာရီက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ရာ ပညာရေးစုံညီပွဲတော် မုခ်ဦးအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်၊ ခရိုင်ပညာရေးမှူး ဦးရဲအောင်၊ မြို့နယ်ပညာရေးမှူး ဦးငွားတားနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမ ဒေါ်ကေဒီဆိုင်းပန် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။