မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇန်နဝါရီ   ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကို ဇန်နဝါရီ ၄ ရက်က ကျင်းပပြုလုပ်ရာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် နိုင်ငံတော်အလံတင်အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး ရှေ့ မျက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား လွှင့်တင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက နိုင်ငံတော် အလံအား အလေးပြုကြသည်။

ထို့နောက် နံနက် ၇ နာရီတွင် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ တပ်မတော်ဂုဏ်ပြုစစ်ကြောင်းနှင့်အတူ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊  ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီး သော နိုင်ငံ့ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဖတ်ကြားခဲ့သည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ် မြစ်ကြီးနားတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် အဆင့်မြင့်ပညာအဆင့် နှင့် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ခဲ့ကြသည်။ 

အလားတူ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို အားကစားကွင်းအတွင်းရှိ သတ်မှတ်နေရာများအလိုက် အပြေးပြိုင်ပွဲ၊ တင်းနစ်၊ ဂျူဒို၊ ကရာတေး၊ ရိုးရာခြင်းလုံး၊ ရေကူး ပြိုင်ပွဲများနှင့် ပျှော်ပွဲရွှင်ပွဲအဖြစ် သံပုံးရိုက်၊ ဖားခုန်၊ တာယာကွင်းဘောလုံးကန်၊ ဂုံနီအိတ်စွတ် အပြေးပြိုင်ပွဲ၊ ခြေသုံးချောင်းထောက်အပြေးပြိုင်ပွဲ၊ သံပုရာသီး ဇွန်းကိုက်၊ ကင်းမြီးကောက်အပြေး ပြိုင်ပွဲများ ပြုလုပ်ကျင်းပခဲ့ပြီး အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်