မိုးညှင်းမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာ အောင်မြင်ဖြစ်ထွန်း၍ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဇန်နဝါရီ ၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ ဆောင်းနေကြာ ဆီထွက်သီးနှံစီမံကိန်း ဆောင်ရွက်သည့် ကျေးရွာများသို့ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် တာဝန်ရှိသူများမှ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ ဆောင်းနေကြာ ဆီထွက်သီးနှံစီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ညောင်ကုန်းကျေးရွာ၊ နန့်လှိုင်ကျေးရွာနှင့် ထန်းတပင်ကျေးရွာများမှ ဆောင်ရွက် လျက်ရှိပြီး ညောင်ကုန်းကျေးရွာတွင် ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးသည့် တောင်သူ ၅၈ဦးမှ ၃၅၀ ဧကတွင်လည်းကောင်း၊ ထန်းတပင်ကျေးရွာတွင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးသည့် တောင်သူ ၁၅ဦးမှ ဧက၆၀ တွင်လည်းကောင်း၊ နန့်လှိုင်ကျေးရွာတွင် ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးသည့် တောင်သူ ၅၀ဦးမှ ဧက ၁၉၀ တွင်လည်းကောင်း အသီးသီးစိုက်ပျိုးလျက်ရှိသည်။

အဆိုပါ ကျေးရွာသုံးရွာတွင် တောင်သူ (၁၂၃)ဦးမှ ဧက(၆၀၀)တွင် နေကြာများ စိုက်ပျိုးလျက်ရှိရာ ယခုအခါတွင် ဆီထွက်သီးနှံဆောင်းနေကြာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ နေကြာ စိုက်ပျိုးမှုတွင် တောင်သူများ​၏ လိုအပ်ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ရွှေမိုးညှင်း