မိုးညှင်းမြို့၌ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးဌာနမှ အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေး

မိုးညှင်း ဇန်နဝါရီ ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ပေးရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်စုစုလှိုင် ဦးဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအပါအဝင် အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ကိုယ်ပူချိန် တိုင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချိုရောဂါစမ်းသပ်ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများအခမဲ့ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိရာ ဆီးချိုရောဂါ (၄၅)ဦး၊ သွေးတိုးရောဂါ (၆၃)ဦးနှင့် အထွေထွေရောဂါ (၁၀)ဦး စုစုပေါင်း (၁၁၈)ဦးတို့ကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးရာနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ခရိုင်မြို့နယ်ဌာနဆိုင်ရာများက လိုက်လံကြည့်ရှု အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း