ဝိုင်းမော်မြို့နယ်၌ (၁၆) ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ (၁၆) ကြိမ်မြောက် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု ပရဟိတ ချမ်းမြေ့သီလရှင် စာသင်တိုက်၌ ကျင်းပရာ အခမ်းအနားသို့ ဝိုင်းမော်မြို့နယ်အတွင်း ကျောင်းတိုက် အသီးသီးမှ ဆရာတော်၊ သံဃာတော် (၁၀) ပါးနှင့် သီလရှင်ဆရာကြီး/ဆရာလေး (၄၆) ပါး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်/အလှူရှင်များ တက်ရောက် ကြသည်။