ကချင်ပြည်နယ်

မံစီမြို့နယ်၊ နန့်မဖွဲကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ နယ်လှည့်အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် နန့်မဖွဲကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဇန်နဝါရီလ ယမန်နေ့  မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မံစီမြို့နယ်ရုံးမှ ဝန်ထမ်းများက နယ်လှည့်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

(၇၅)နှစ်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖလမ်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလားအားကစားပြိုင်ပွဲများ ဆုပေးပွဲအခမ်း အနားကျင်းပ

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အ ထိမ်းအမှတ်ဘော်လီဘော (ကျား/မ) ပြိုင်ပွဲ၊  ကြက်တောင်ရိုက် (ကျား/မ)ပြိုင်ပွဲ၊စားပွဲတင်တင်းနစ်စိတ် ကြိက်နှစ်ယောက် တွဲပြိုင်ပွဲ နှင့် တစ်ဦးချင်းပြိုင်ပွဲဗိုလ် လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်၊ ညနေပိုင်းက မြို့နယ် အားကစားရုံတွင် ကျင်းပပြုလုပ်ရာ ဖလမ်းခရိုင်စီမံ အုပ်ချပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်နှင့်အဖွဲ့ဝင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

ရွှေကူမြို့၌ ရေကြီးနှစ်မြှပ်၍ ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများအတွက် ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ၂၀၂၂ မိုးတွင်းကာလ၌ မိုးသည်းထန် စွာရွာသွန်းခဲ့ပြီး ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ရေကြီးနှစ်မြှပ် ၍ ပျက်စီးသွားသော စိုက်ခင်းများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇန်နဝါရီလ ၃ ရက်နေ့ နေ့လယ်  ၁ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ တက်ရောက်ဆုချီးမြှင့်

နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံ ဒီဇင်ဘာအားကစား ပြိုင်ပွဲများဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့်အမျိုးသား ဘောလုံးပြိုင်ပွဲ များကို  ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင် ကျင်းပပြုလုပ်ခဲ့ရာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းနားကို ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ် အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်းနှစ်သစ်မိတ်ဆုံစားပွဲနှင့် အိမ်ခြံမြေဥပဒေသစ် ရှင်းလင်းပွဲကျင်းပ

ကချင်ပြည်နယ် အိမ်၊ခြံ၊မြေဝန်ဆောင်မှုအသင်း၏ ၂၀၂၃ ခုနှစ် နှစ်သစ်မိတ်ဆုံစားပွဲနှင့် အိမ်ခြံမြေ ဥပဒေသစ်နှင့် ပတ်သက်၍ ချပြရှင်းလင်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောဥယျာဉ်ရှိ “လုံဂါပါ” စားသောက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘော့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ၂၀၂၃ခု နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဇန်နဝါရီလ ၂ရက်၊ ညနေ  ၃နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ပူတာအို၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၃-ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို  ယနေ့နံနက် (၈)နာရီက ပူတာအိုမြို့ အခြေခံပညာကျောင်းများ၌ဖြန့်ဝေခဲ့ကြသည်။

ဗန်းမော်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သတင်းတု သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေး ဟောပြော 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ဗန်းမော်)တွင် ပညာသင်ကြားနေသည့် သင်တန်းသူများ အား သတင်းတု သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားတွင် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် တိုင်းရင်းသားပေါင်းစုံ စုပေါင်းဆင်နွှဲနိုင်ရေး ညှိနှိုင်းဆွေးနွေး

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့တွင် ရိုးရာအစဉ်အလာနှင့်မနောအကဖြင့် စုပေါင်းဆင်နွှဲနိုင်ရေး၊  မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအပါအဝင် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေးအတွက် ယမန်နေ့နံနက် ၁ဝ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။

မိုးညှင်းတက္ကသိုလ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲနှင့် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၃) ရက် နံနက် (၁၀) နာရီက ရတနာခန်းမ၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်