သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green Schools) အကောင်အထည် ဖော်ဆောင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးငွေ ပေးအပ်ပွဲကျင်းပ
သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green Schools) အကောင်အထည် ဖော်ဆောင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးငွေပေးအပ်ပွဲကို မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။