ကချင်ပြည်နယ်

မိုးညှင်းမြို့၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၃)ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲသို့ အနယ်နယ်အရပ်ရပ်မှ ရှင်မိရှင်မများလာရောက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ နတ်ကြီးကုန်းရှမ်းပိုင် ပညာလင်္ကာရဇောတိရှမ်းကျောင်း၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၃)ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲတော်ကို ဇန်နဝါရီလ(၂၉)ရက်မှ ဖေဖော်ဝါရီလ(၄)ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ရှင်မိရှင်မများ လာရောက်ကြကြောင်း သိရသည်။

ပုဏ္ဏားကျွန်း (မြို့မ) ဈေးကြီး၌ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီက ပုဏ္ဏားကျွန်း(မြို့မ)ဈေးကြီး၌ ဆောင်ရွက်ခဲ့ ကြသည်။

ကချင်ပြည်နယ်စီးပွားရေးရာ၀န်ကြီး ပူတာအိုခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေသည် ပြည်နယ်/ခရိုင်အဆင့် တည် ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးအဖွဲ့၀င်များနှင့်အတူ ယမန်နေ့ နံနက်(၈)နာရီက ပူတာအိုခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် စာအောင်ဆုနှင်းသဘင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲကျင်းပပြုလုပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်စာအောင်ဆုနှင်းသဘင် မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အံ့တော်ရှင်တောင်တန်းသာသနာပြုဗဟို ကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြသည်။

တနိုင်းမြို့နယ် လမုန်ကျေးရွာ အ.ထ.က-လမုန်တွင် လူငယ်စကားဝိုင်း ကျင်းပ

ကချင်ပြည်နယ် တနိုင်းမြို့တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၂၇ ရက်နံနက် ၁၀ နာရီခွဲက လမုန်-အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ ရှေးဦးစွာ လမုန်-အ​ခြေခံပညာအထက်တန်း ကျောင်းတာဝန်ခံ​ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းအေးရွှေမှ ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝါဦးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာများ စုပေါင်း၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်ပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာများစုပေါင်း၍ သကျမာရဇိန် (တောင်ပေါ်ကျောင်း)ကျိုက်ထီးဆောင်းစေတီတော်၌ ယမန်နေ့နံနက် ၈ နာရီခန့်က သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ (၂၆)ရက် မွန်းလွဲ (၃)နာရီက ဘက်စုံသုံး အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဝိုင်းမော်မြို့နယ် အောင်ချမ်းသာကျောင်းတိုက်၌ အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါးနှင့် ဓဇဂ္ဂသုတ်ပါဠိ တော်ရွတ်ဖတ်ပူ‌ဇော်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် အောင်ချမ်းသာကျောင်းတိုက်၌ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းနှင့် ဓဇဂ္ဂသုတ်ပါဠိတော်တို့ ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် (၈)နာရီတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ် စီးပွားရေးရာ၀န်ကြီး ပူတာအိုဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးပြီး ၀န်ထမ်းများနှင့် တွေ့ဆုံ

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် တာ၀န်ရှိသူများနှင့်အတူ ယမန်နေ့ညနေ(၃)နာရီက ပူတာအို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးပြီး ၀န်ထမ်းများနှင့် တွေ့ဆုံသည်။

လွယ်ဂျယ်မြို့ရှိဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိဌာနဆိုင်ရာ များစုပေါင်း၍ ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၈နာရီတွင် သကျမာရဇိန်ကျောင်းတိုက် ကျိုက်ထီးဆောင်းစေတီတော်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Subscribe to ကချင်ပြည်နယ်