တနိုင်း ဇန်နဝါရီ ၂၆
ကချင်ပြည်နယ် တနိုင်းခရိုင်၊ တနိုင်းမြို့တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၁)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တနိုင်းမြို့၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ပညာရေးမှူးဦးအောင်ဆွေက အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရာ ဦးစီးအရာရှိဒေါ်ဝါဦးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က(၂) ကျောင်းမှ Grade -10 ၊ Grade -11 ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ လူငယ်နှင့်ခေါင်းဆောင်မှုကဏ္ဍ၊ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။ ဆက်လက်၍ အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်လှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ ခရိုင်ပညာရေးမှုး ဆရာကြီးဦးအောင်ဆွေ၊ မြို့နယ်ပညာရေးမှူ ဒေါ်ရွှေနယ်ဇိန်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦး နှင့်ဝန်ထမ်းများ၊ အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်လှိုင်နှင့် ဆရာ/ဆရာမများ ၊ ကျောင်းသား/ ကျောင်းသူအင်အား (၂၅၀)ကျော် တက်ရောက်ကြကြောင်း သိရသည်။
ပန်းအိ (ပြန်/ဆက်)