မံစီမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မံစီ ဇန်နဝါရီ ၂၇

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ဂျိန်းဖော့မြေရပ်ကွက်ရှိ လောကမာရ်အောင် စေတီတော်၌ ယမန်နေ့နံနက် ၈ နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခဲ့ကြကြောင်း သိရသည်။

ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ရှေ့ဦးစွာ ပင့်ဖိတ်ထားသည့် သံဃာတော် (၅)ပါးထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ သံဃာတော်များက ပါဠိဘာသာဖြင့် ရွတ်ဖတ်ပူဇော်သည့် အတွင်းအောင်မြင်ခြင်း(၈)ပါး အပြင်အောင်မြင်ခြင်း(၈)ပါးနှင့် ဓဇဂ္ဂသုတ်တော်ကို နာယူခြင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သံဃာတော်များကို လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊  ဝတ်ရွတ်အသင်းက အပြင်အောင်ခြင်း(၈)ပါး မြန်မာပြန်နှင့် ဓဇဂ္ဂသုတ်တော်ကို ရွတ်ဆိုပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။    

မြို့နယ်(ပြန်/ဆက်)