ဒေါ့ဖုန်းယန်မြို့၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဒေါ့ဖုန်းယန် ဇန်နဝါရီ ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အမှတ်(၁)ရပ်ကွက်ရှိ  သဒ္ဓမ္မပါလမြို့မကျောင်း  တိုက်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးဌေးလင်းကဦးဆောင်၍ ထွေ/အုပ် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင် များ စုစုပေါင်း အင်အား(၄၀)ဦးခန့်သည် သဒ္ဓမ္မပါလမြို့မကျောင်းတိုက်ဝင်း အတွင်း၊ အပြင် သန့်ရှင်း သာယာလှပစေရန် ရည်ရွယ်၍ ဗုဒ္ဓရုပ်ပွားတော် (ဆင်းတုတော်) ရောင်တော်ဖွင့်ခြင်း၊ ရေသပ္ပါယ်ခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် တံမြက်လှည်းခြင်းတို့ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဒေါ့ဖုန်းယန်(ပြန်/ဆက်)