ကချင်ပြည်နယ်

မိုးညှင်းမြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများ၌ ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ဆက်လက်ဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းများတွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့နံနက် (၇)နာရီက ဆက်လက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မချမ်းဘော့မြို့၌ အတွင်းအောင်ခြင်းရှစ်ပါး အပြင်အောင်ခြင်းရှစ်ပါး ပါဠိဂါထာတော်များ၊ ဓဇဂ္ဂသုတ်ပါဠိ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ ပင့်သံဃာတော်ငါးပါး၏ အတွင်းအောင်ခြင်းရှစ်ပါး ပါဠိတော်၊ အပြင်အောင်ခြင်းရှစ်ပါး ပါဠိတော်နှင့် ဓဇဂ္ဂသုတ်ပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်းကို နာယူခြင်း၊ ဝတ်ရွတ်အဖွဲ့မှ အပြင်အောင်ခြင်းရှစ်ပါး မြန်မာပြန်နှင့် ဓဇဂ္ဂသုတ်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ ပင့်သံဃာတော်ငါးပါးအား ဝတ္ထုအလှူငွေ ဆက်ကပ်ပူဇော်ခြင်းများကို ဇန်နဝါရီ ၂၆ ရက် နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက်ရှိ တောင်တန်းသာသနာပြု ဗဟိုကျောင်း၌ ပြုလုပ်ခဲ့သည်။

အခြေခံပညာ မူလွန်အောင်သာကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ အခြေခံပညာ မူလွန်အောင်သာကျောင်း၌ ၂၀၁၉-၂၀၂၀/ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။

တနိုင်းမြို့ အ.ထ.က(၂ )တွင် လူငယ်စကားဝိုင်း ကျင်းပ

ကချင်ပြည်နယ် တနိုင်းခရိုင်၊ တနိုင်းမြို့တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၁)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တနိုင်းမြို့၌ ကျင်းပသည်။

မြစ်ကြီးနားမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းရှိ “သီရိ” ခန်းမတွင် ယနေ့ နံနက် ၉နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

ချီဖွေမြို့နယ်‌၌ ဆရာတော်သံဃာတော်များနှင့် ဝတ်ရွတ်အသင်းအဖွဲ့များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူ‌ဇော်ပွဲနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို တောင်တန်းသာသနာပြုကျောင်းတိုက်ဓမ္မရုံ၌ ယနေ့နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ ရှေ့ဦးစွာ တောင်တန်း သာသနာပြုကျောင်းတိုက်ဆရာတော် ဘဒ္ဒပညာသေဌ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သဒ္ဒမ္မဇောတိကဓဇ ဆရာတော်အမှူးပြု၍ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးခိုင်စိုး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်တို့က အတုလမာရဇိန်အောင်ဇမ္ဗူ ထိုင်တော်မူရုပ်ပွားတော်အား ရောင်တော်ဖွင့်ခြင်း၊ ပန်းဆီးမီးများပူးဇော်ခြင်းများ ဆောင်ရွက်ကြသည်။

တနိုင်းမြို့ ဇေယျာသီရိပရိယတ္တိစာသင်တိုက်၌ ဓဇဂ္ဂသုတ်ပါဠိ​တော်ရွတ်ဖတ်ခြင်း အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့ဇေယျာသီရိ ပရိယတ္တိစာသင်တိုက်အတွင်း၌ ဆရာတော်၊ သံဃာတော်များနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာ ဝတ်ရွတ်အသင်းများနှင့်အတူ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ဓဇဂ္ဂသုတ်ပါဠိတော်တို့ ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် (၈)နာရီအချိန်က တနိုင်းမြို့ ဇေယျာသီရိကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ဥတ္တရာရုံ သီလရှင်စာသင်တိုက်သို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဥတ္တရာသီလရှင်စာသင်တိုက်ကျောင်းသို့ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အခြေခံစားသောက်ကုန်လှူဒါန်းပွဲကို ဇန်နဝါရီ(၂၆) ရက်နံနက်(၁၀)နာရီတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။

အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရန် ရန်ပုံငွေရင်းနှီး မတည်ပေးနိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရန် ရန်ပုံငွေရင်းနှီး မတည်ပေးနိုင်ရေး ဇန်နဝါရီ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့ရှိ သမိုင်းဝင်စေတီပုထိုးဘုရားများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့ရှိ သမိုင်းဝင်စေတီပုထိုးများတွင် ဘုရားဖူးလာရောက်ကြမည့် ရဟန်း၊သံဃာတော်များနှင့် အများပြည်သူများ စိတ်အေးချမ်းသာစွာ တရားဘာဝနာပွားများ၍ ဖူးမြော်ကြည်ညိုနိုင်စေရန်နှင့် ဘုရားပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရန်အတွက် ဇန်နဝါရီ ၂၆ ရက် နံနက် ၇ နာရီခွဲက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်