မိုးကောင်း ဇန်နဝါရီ ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်ရှိ ရွှေသာလျောင်းမြတ်စွာ ဘုရားကြီး၌ ဇန်နဝါရီ(၂၅)ရက် နံနက်(၁၀)နာရီခွဲတွင် ဌာနဆိုင်ရာများ စုပေါင်းလှူဒါန်းမှုဖြင့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာနှင့် ဝန်ထမ်းများက ရွှေသာလျောင်း မြတ်စွာဘုရားကြီးတွင် ရွှေသင်္ကန်းကပ်လှူခြင်းအတွက် ဘုရားဂေါပကများထံ အလှူငွေကျပ် (၁၅၀၀၀၀/-)တစ်သိန်းခွဲ လှူဒါန်းခဲ့ပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်ရေးဆောင်ရွက်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)